Instagram ပေါ်မှာ video call တွေခေါ်ဆိုနိုင်တော့မယ်

Facebook က မေလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ F8 conference မှာ Instagram ရဲ့ “video chat” နဲ့ “Explore Page” feature အသစ်နှစ်ခုအကြောင်းကို ချပြခဲ့ပါတယ်။ Explore Page feature မှာ page ရဲ့ ထိပ်ဆုံးက search ရဲ့ အောက်မှာ animals, photography, architecture စသည်ဖြင့် အသုံးပြုသူ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ဘောင်ခတ်ပြီး ဖော်ပြပေးထားမှာပါ။ ကိုယ်ရှာချင်တဲ့ ခေါင်းစဉ်ကို လွယ်လွယ်ကူကူ ရှာနိုင်အောင်လုပ်ထားတဲ့ feature တစ်ခုဖြစ်ပါတယ်။

Explore Page မှာ အသုံးပြုသူတွေ ကြိုက်နှစ်သက်မယ့် အကြောင်းအရာနဲ့ ပတ်သက်တဲ့ posts တွေကိုပြသပေးမှာပါ။ Page ရဲ့ ဒီဇိုင်းက IG users တွေအတွက် content အသစ်တွေ ၊ follow လုပ်ချင်တဲ့ လူတွေ နဲ့ brand အသစ်တွေကို ရှာဖွေတဲ့နေရာမှာ အရင်ကထက်ပိုပြီး လွယ်ကူနေမှာပါ။

Video chat feature မှာတော့ လူတစ်ယောက် ဒါမှမဟုတ်ရင် အဖွဲ့ငယ်လေးတွေ ဖွဲ့ပြီး chat နိုင်မှာပါ။ Video call ထဲ ထည့်သွင်းနိုင်မယ့် လူအရေအတွက်ကိုတော့ အတိအကျ ဖော်ပြမထားသေးပါဘူး။ Video screen ကို ချုံ့နိုင်တာကြောင့် video call ခေါ်ဆိုနေရင်း IG အသုံးပြုနိုင်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ update တွေကို သုံးသပ်ရရင် Instagram က Photo sharing network တစ်ခုထက် ပြည့်စုံတဲ့ message service ကိုတည်ထောင်နိုင်အောင် ကြိုးစားနေတယ်လို့ ထင်မြင်မိပါတယ်။ Feature နှစ်ခုလုံးက စမ်းသပ်နေဆဲ အခြေအနေမှာပဲရှိနေသေးတာကြောင့် လတ်တလောမှာတော့ အသုံးမပြုနိုင်သေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင် အချိန်အတွင်း ရောက်ရှိလာတော့မှာပါ။ IG ရဲ့ Video Call feature နဲ့ ပတ်သက်ပြီး အရင်ကလည်း Rumor အမျိုးမျိုး ထွက်ရှိခဲ့ပေမယ့် တရားဝင်မကြေညာထားတာကြောင့် ယုံကြည်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ Rumor တွေက အမှန်တကယ် ဖြစ်လာခဲ့တာကြောင့် IG fans တွေ လုပ်ရမယ့်တာဝန်က update အသစ်တွေကို မျှော်နေဖို့ပါပဲ…။

 

Image source  Via

Leave a Reply

Your email address will not be published. Required fields are marked *