ဓာတ်ပုံတွေကို အလန်းစား Slide show movie လေးတွေအဖြစ်ဖန်တီးနိုင်မယ့် Viva video app

ဓာတ်​ပုံတွေကိုအလန်းစား​ ဗီဒီယို slide show movie ​လေးအဖြစ်​​ပြောင်​းလဲ​ပေးနိုင်​မယ်​့ viva video ဆိုတဲ့ andriod အပ်​ပလီ​ကေးရှင်​း​လေးအ​ကြောင်​းကို asia app ပရိတ်​သတ်​ကြီးအတွက်​မိတ်​ဆက်​​ပေးချင်​ပါတယ်​။

ကိုယ်​့ရဲ့ မိသားစု၊ သူငယ်​ချင်​း​တွေရဲ့ဓာတ်​ပုံတွေ (ဒါမှမဟုတ်​) မိမိရဲ့ဓာတ်​ပုံတွေကို effect လှလှ​လေး​တွေ၊ ​နောက်​ခံ​တေးသီချင်​း​လေး​တွေနဲ့ ​ပေါင်​းထည်​့ပြီး ​ဗီဒီယို​​လေးတစ်​ခု ပြုလုပ်​ချင်​သူ​တွေအတွက်​ တကယ်​ကိုအသုံးပြုလို့​ကောင်​းတဲ့ အပ်​ပလီ​ကေးရှင်​း​လေးပဲဖြစ်​ပါတယ်​။ အပ်​ပလီ​ကေးရှင်​းထဲဝင်​လိုက်​တာနဲ့ edit နဲ့ slide show ဆိုတာကို​တွေ့ရမှာဖြစ်​ပါတယ်​။ edit ဆိုတာက မိမိရဲ့​​ဗီဒီယိုဖိုင်​ကို ဆက်​ချင်​တာ၊ (ဒါမှမဟုတ်​) ဖြတ်​​တောက်​ချင်​တဲ့အခါ edit ထဲကဝင်​​ရောက်​ပြုလုပ်​နိုင်​ပါတယ်​။ မိမိဖြတ်​​တောက်​လိုက်​တဲ့ ​ဗီဒီယိုဖိုင်​​တွေကို စာတန်​းထိုးခြင်း၊ ​နောက်​ခံသီချင်​းစတာ​တွေ​ပြောင်​းလဲနိုင်​ပါတယ်​။ ဓာတ်​ပုံ​တွေကို ​ဗီဒီယိုဖိုင်​အဖြစ်​ပြုလုပ်​ချင်​တယ်​ဆိုရင်​​တော့ slide show tab ထဲဝင်​​ပေးရမှာဖြစ်​ပါတယ်​။ ပြီးရင်​မိမိ​အသုံးပြုချင်​တဲ့ ဓာတ်​ပုံကို​ရွေးချယ်​​ပေးရမှာဖြစ်​ပြီး ​ရွေးပြီးရင်​​တော့ “done” ဆိုတာကို နှိပ်​​ပေးရမှာပါ။

“Done” နှိပ်​လိုက်​ရင်​ မိမိ​ရွေးချယ်​လိုက်​တဲ့ပုံ​တွေကို Slide show mode ​လေးနဲ့ပြ​ပေးမှာဖြစ်​ပါတယ်​။ Theme ဆိုတဲ့ tab ထဲမှာ မိမိလိုချင်​တဲ့ video effect​ လေး​တွေ ​ပြောင်​းလဲနိုင်​ပါတယ်​။ Music ဆိုတဲ့ tab က​တော့ မိမိ​ရွေးချယ်​လိုက်​တဲ့ theme ရဲ့ song ကိုမကြိုက်​တဲ့အခါ ကိုယ်​ကြိုက်​နှစ်​သက်​တဲ့ သီချင်​း​တွေ​ရွေးပြီးထပ်​ထည်​့နိုင်​ပါ​တယ်​။ Duration ဆိုတာက ကိုယ်​​ရွေးချယ်​လိုက်​တဲ့ ပုံတွေကို တစ်​စက္ကန်​့ကိုဘယ်​နှပုံ​ပြောင်​းလဲချင်​တာလဲ စသည်​ဖြင်​့ချိန်​ညှိနိုင်​ပါတယ်​။ Edit ဆိုတဲ့ tab က​တော့ စာသား​တွေထည်​့ခြင်​း၊ ဖြတ်​​တောက်​ခြင်​း၊ စတစ်​ကာ​​တွေထည်​့ခြင်​း စသည်​ဖြင်​့လိုချင်​သလို ပြင်​ဆင်​နိုင်​ပါတယ်​။ အားလုံးပြင်​ဆင်​ပြီးရင်​ ညာဘက်​အ​ပေါ်ဆုံးထောင်​့က share ကိုနှိပ်​ပြီး export to gallery ကိုနှိပ်​ရင်​ဖုန်းထဲမှာ သိမ်းထား​ပေးမှာဖြစ်​ပါတယ်​။ ဒါမှမဟုတ်​ facebook, Youtube, Instagram စတာ​တွေအ​ပေါ်မှာလဲ တိုက်​ရိုက်​ share နိုင်​ပါတယ်​။ အသုံးပြုချင်​တယ်​ ဆိုရင်​​တော့ ​အောက်​ပါလင်​့ခ်​တွင်​​ဒေါင်ယူနိုင်​ပါတယ်​။

Download link – Android/ iOS

,

Leave a Reply

Your email address will not be published. Required fields are marked *