Xplay7 ကို 10 GB RAM နဲ့မကြာခင်ဖန်တီးတော့မယ့် Vivo!

Vivo ဟာ Xplay7 ကို 10 GB RAM နဲ့မကြာခင်မှာပဲ ဖန်တီးထုတ်လုပ်တော့မှာပါ။ Xplay7 ကို ၂၀၁၈ ဇန်နဝါရီလအစောပိုင်း CES မှာမိတ်ဆက်ခဲ့တဲ့ Under-diplay (UD) fingerprint feature လည်းပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒီ UD fingerprint feature ကိုဇန်နဝါရီလ ၂၀ ရက်ကျော်လောက်ကမိတ်ဆက်ခဲ့တဲ့ Vivo X20 Plus UD version မှာတွေ့မြင်နိုင်မှာပါ။

The vivo Xplay7 will also likely inherit the under-the-display fingerprint scanner built by Synaptics and featured in the vivo X20 Plus UD.
Source :www.gsmarena.com

Smartphone တစ်လုံးအနေနဲ့ RAM 8 GB ရှိတယ်ဆိုရင်တောင်တော်တော်များနေပါပြီ။ အခု Xplay မှာ RAM 10 GB တောင်ပါဝင်နေတယ်ဆိုတော့ လိုအပ်တာထက်ပိုတဲ့အဆင့်လို့ဆိုရမှာပါ။ ၂၀၁၆ မှာထွက်ရှိခဲ့တဲ့ Xplay6 တောင် RAM 6 GB ပဲပါဝင်ခဲ့တာပါ။

Coming to the Xplay7, the Snapdragon 845 processor will come accompanied by a 10GB of RAM. While the 8GB RAM on a smartphone seems overrated, get prepared to soon see the first-ever smartphone with 10GB of RAM. It will be available in two variants with 256GB and 512GB of internal storage.
Source :phoneradar.com

Xplay6 မှာတော့ CPU အပိုင်းက Snapdragon 820 ပါဝင်ခဲ့ပြီး Internal storage က 128 GB သာပါဝင်ခဲ့တာဖြစ်ပါတယ်။ မကြာခင်ရောက်ရှိလာမယ့် Xplay7 မှာတော့ CPU အပိုင်းမှာ Snapdragon 835 ပါဝင်မှာဖြစ်ပြီး Storage အပိုင်းကတော့ 256 GB နဲ့ 512 GB ဆိုပြီးနှစ်မျိုးထွက်ရှိမှာပါ။ ပြီးတော့ Xplay 6 ရဲ့ OS ဟာ Android 6.0.1 (Marshmallow) ဖြစ်နေပြီး Xplay7 ဟာတော့ Android 7.1 (Nougat) နဲ့ရောက်ရှိလာမှာပါ။ Android 8.0 (Oreo) ကိုတော့ ဖုန်းထွက်ရှိပြီးမှ upgrade လုပ်ပေးမယ်လို့ယူဆရပါတယ်။ ဘယ်တော့ရောက်ရှိလာမလဲ၊ ဘာတွေထပ်မံပြောင်းလဲသွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဉီးမှာဖြစ်ပါတယ်။

, , ,

Leave a Reply

Your email address will not be published. Required fields are marked *