Download ပြုလုပ်သူဦးရေ အနည်းငယ်သာ ရှိသေးပေမယ့် တကယ်အစွမ်းထက်တဲ့ VoiceTra app

ဘာသာစကားပေါင်းများစွာကို နှုတ်ကပြောရုံနဲ့ ကိုယ်လိုချင်တဲ့ ဘာသာစကားကို ဖုန်းထဲမှာ စာအနေနဲ့ ပြန်ဖော်ပြပေးမယ့် App လေးပဲ ဖြစ်ပါတယ်။ ဘာသာစကား သုံးဆယ်ကျော် အထောက်အပံ့ပေးပြီး ကိုယ်ပြောလိုက်တဲ့ စကားနဲ့ ထွက်လာတဲ့ ဘာသာပြန်စကား မှန်မမှန် ပြန်စစ်လို့ ရပါသေးတယ်။


ဂျပန်နိုင်ငံမှာရှိတဲ့ ICT institute ကနေ ရေးထားတဲ့ App တစ်ခုဖြစ်ပြီး စကားမှတ်သားမှုစွမ်းရည်ကို တိကျကောင်းမွန်အောင် အထူးမွမ်းမံထားတာ ဖြစ်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားရဲ့ အဓိပ္ပါယ်တိုင်းကို ကိုယ်လိုချင်တဲ့ ဘာသာပြန်စကားရဲ့ အဓိပ္ပါယ်နဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။

 . နိုင်ငံရပ်ခြားမှာနေတဲ့ ဘာသာစကားအခက်အခဲရှိတဲ့ သူတွေအတွက် အထောက်အကူဖြစ်မယ့် App ပါပဲ။ ဘာသာစကားမတူညီတဲ့ လူနှစ်ယောက်အတွက် စကားပြန်တစ်ယောက်လို လုပ်ဆောင်ပေးသွားမယ့် App ပါပဲ။ မြန်မာအပါအဝင် ဘာသာစကား သုံးဆယ်ကျော်ပါဝင်လို့ နိုင်ငံရပ်ခြားမှာနေနေရတဲ့ ဘာသာစကားအားနည်းတဲ့ သူတွေအတွက် ကိုယ်အားနည်းတဲ့ ဘာသာစကားကိုပါ လေ့လာလို့ရမယ့် App တစ်ခုပါပဲ။

အင်တာနက်ကွန်နက်ရှင် ရှိမှ အလုပ်လုပ်တာမို့ လိုင်းဆွဲအားအနှေးအမြန်ပေါ်မူတည်ပြီး ရလဒ်ထုတ်ပေးမှု မြန်နိုင်/ ကြာနိုင် ပါတယ်။ စကားနဲ့ပြောလို့မရတဲ့ ဘာသာစကားတွေအနေနဲ့ကတော့ Keyboard အသုံးပြုပြီး လုပ်ဆောင်ရမှာပါ။ မြန်မာဘာသာကတော့ စကားပြောပြီး လုပ်ဆောင်လို့ရတာကြောင့် မြန်မာတွေအတွက် သတင်းကောင်းပါပဲ။ မြန်မာစကားကိုတော့ Keyboard နဲ့ထည့်သွင်းနိုင်မှာမဟုတ်ပါဘူး။ မြန်မာစကားကို Operating System မှာ Font အနေနဲ့သာရှိပြီး ဘာသာစကား အနေနဲ့မရှိလို့ပါ။
Android ရော iOS နှစ်မျိုးလုံးမှာ ရနိုင်ပြီး သက်ဆိုင်ရာ Store တွေကနေ အခမဲ့ Download ရယူနိုင်မှာဖြစ်ပါတယ်။

Download link – Android/ iOS

,

Leave a Reply

Your email address will not be published. Required fields are marked *