အရမ်းမိုက်တဲ့ wallpaper ဒီဇိုင်းလေးတွေ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ Wallpaper Maker- Make Monogram

Wallpaper ဆိုတာ သင့်ရဲ့ smart phone နဲ့ ခွဲထားလို့မရတဲ့ အရာတစ်ခုပါ။ Phone ဒီဇိုင်းလေးတွေ ကြွရွ လှပပြီး အသက်ဝင်နေစေဖို့ wallpapers ရဲ့ပုံရိပ်ကလည်း အရမ်းကိုအရေးပါပါတယ်။ အဲ့တာကြောင့် ဒီတစ်ခေါက်မှာ ကိုယ်ပိုင် စတိုင်နဲ့ အရမ်းလန်းတဲ့ wallpaper တွေပြုလုပ်နိုင်မယ့် apk လေးနဲ့ မိတ်ဆက်ပေးထားပါတယ်။

Wallpaper Maker မှာ သင့်ရဲ့ IOS device တွေအတွက် လှပဆန်းသစ်တဲ့ Graphic designs ပုံစံအမျိုးမျိုးကိုတွေ့ရမှာပါ။ Application ထဲမှာ –

  • ပရော်ဖက်ရှင်နယ် ဒီဇိုင်နာ တွေ ပုံဖော်ဖန်တီးထားတဲ့ ပန်းပွင့်ဒီဇီုင်း၊ love ဒီဇီုင်း၊ တောအုပ်ဒီဇိုင်း၊ glitter (တလက်လက် တောက်ပနေတဲ့) ဒီဇိုင်း၊ Chevron (အကွက် ) ဒီဇိုင်း ပုံစံများ၊

  •  wallpaper ပေါ်မှာ စာသားထည့်သွင်းနိုင်မယ့် font styles ပေါင်း တစ်ရာကျော်နဲ့

  • monogram ဒီဇိုင်းပုံစံပေါင်း ၁၀၀ကျော် စတာတွေကို အခမဲ့ အသုံးပြုနိုင် တဲ့အတွက် wallpaper လန်းလန်းလေးတွေ အသုံးပြုချင်သူတွေအတွက် ဘယ်မှာမှာ ရှာဖွေလို့ မရနိုင်တဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေ ပြုလုပ်နိုင်မှာပါနော်။

ချစ်စရာကောင်းတဲ့ wallpapers လေး တွေကို ကိုယ်တိုင် ဖန်တီးအသုံးပြုနိုင်တဲ့အပြင် သူငယ်ချင်း မိတ်ဆွေတွေ အတွက်ပါ ဝေမျှပေးလို့ရတဲ့အတွက် အားလုံး စိတ်ဝင်စားကြမှာပါ။ iPhone နဲ့ iPad အတွက်ပဲ ထုတ်လုပ်ထားတဲ့ apk ဖြစ်တာကြောင့် Android တွေမှာတော့ အသုံးပြုလို့ မရပါဘူးနော်။ ဖိုင်အရွယ်အစား 8.8 MB ရှိပြီး iOS version 8.0 နှင့် အထက်ရှိရင် free download လုပ်ယူပြီး အသုံးပြုနိုင်ပါပြီ။

 

 

Image Source – Wallpaper Maker- Make Monogram

,

Leave a Reply

Your email address will not be published. Required fields are marked *