ကိုယ့်ခံစားချက်တိုင်းကို လျှို့ဝှက်စွာဖွင့်ဟနိုင်မယ့် Whisper application

လူငယ်တွေရဲ့ နေ့စဉ်ဘဝမှာ အဆင်ပြေမှု၊ အဆင်မပြေမှုတိုင်းဟာ ခေါင်းစဉ်မျိုးစုံရဲ့အောက်မှာ ရှိကြပါတယ်။ အချစ်ရေး၊ အလုပ်၊ မိသားစု၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးအစရှိသဖြင့်ပေါ့။ ကိုယ့်ဘေးက လူတိုင်းကိုလဲ ဖွင့်ပြောဖို့က အဆင်မပြေ၊ တစ်ခါတစ်လေ Facebook လို လူမှုဆက်သွယ်ရေးကွန်ယက်တွေပေါ်မှာ ကိုယ့်ခံစားရသမျှဖွင့်ပြောရပြန်တော့ မိဘမြင်မှာစိုးရ၊ အမျိုးတွေတွေ့မှာ စိုးရနဲ့ စိတ်မလုံခြံပြန်ဘူး။ အဲ့ဒီလိုနဲ့ ခံစားချက်တွေကို မျိုသိပ်ရတာများလာတဲ့အခါ အခန့်မသင်ရင် ပေါက်ကွဲထွက်မှာ စိုးရိမ်ရပြန်တာပေါ့။

အခုတော့ ကိုယ့်ခံစားချက်တွေကို ကိုယ်ဘယ်သူမှန်း မသိပဲ မျှဝေနိုင်မယ့် သိပ်ကိုကောင်းတဲ့ Application လေးကို တွေ့ရှိခဲ့ပါပြီ။ နာမည်က Whisper တဲ့။ IOS, Android နှစ်မျိုးလုံးသုံးလို့ရပါတယ်။ နောက်ပြီး Free အသုံးပြုနိုင်တဲ့ Application ပါ။

သူရဲ့ အားသာချက်တွေကတော့ အကောင့်တွေဘာတွေဖွင့်စရာမလိုပဲ ကိုယ့်ခံစားချက်တွေတင်လို့ရတာပါပဲ။ နောက်ပြီး ကိုယ်တင်တဲ့ စာနဲ့လိုက်ဖက်မယ့် နောက်ခံပုံတွေကိုလဲ တစ်ခါတည်းရှာပေးတယ်။ ကိုယ်ကြိုက်တဲ့ နောက်ခံပုံကိုရွေးပြီးတင်လို့ရပါတယ်။

တခြားသူတင်ထားတာတွေကို အသဲပေးလို့ရလို၊ Reply ကိုနှိပ်ပြီးကိုယ့်အတွေ့အကြုံကိုပြန်လည်မျှဝေလို့လဲ ရပါတယ်။ ဒါ့အပြင် Chat လို့လဲရပါသေးတယ်။ သတိထားရမှာက Chat တဲ့အခါ ကိုယ့်ကို ပေါက်တတ်ကရလာပြောသူတွေရှိတတ်ပါတယ်။ ဘယ်သူဘယ်ဝါမှန်းမမြင်ရတော့ ဒီလိုလူတွေနဲ့ ကြုံရတတ်တာသဘာဝပါ။ Chat ပြီဆိုရင်တော့ ဘယ်သူ့ကိုမှ မယုံဖို့၊ ခံစားချက်နဲ့စကားမပြောဖို့ သတိပေးချင်ပါတယ်။ ဒီ App ကိုသုံးရင်တော့ ကိုယ့်ခံစားချက်တွေ တင်ချင်ရာတင်ဖို့လောက်သုံးတာအကောင်းဆုံးပါပဲ။

App Store Rating – 3.3
Google Play Rating – 4.1

 

Download link – Android/IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *