Samsung က Galaxy S8 နဲ့ S8+ တို့အတွက် Oreo update ကို ဘာလို့ရပ်တန့်ခဲ့ရတာလဲ??

Samsung အနေနဲ့ Galaxy S8 နဲ့ S8+ တို့အတွက် Oreo update ဖြန့်ချီပြီးတစ်ပတ်ကျော်အကြာမှာတော့ အသုံးပြုသူတွေရဲ့တုန့်ပြန်မှုတွေကနေတဆင့် မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုကိုဖုန်းအတွင်းထဲမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ စက်မပိတ်ပဲနဲ့ ဖုန်းဟာသူ့အလိုအလိုပိတ်သွားတဲ့ ပြဿနာပါ။ ဒီပြဿနာဟာ Oreo Beta version ကတည်းကတွေ့ရှိခဲ့တဲ့ ပြဿနာတစ်ခုမဟုတ်တာကြောင့် Samsung အနေနဲ့ Oreo update ဖြန့်ချီမှုကိုခဏတာရပ်တန့်လိုက်ရတာပဲဖြစ်ပါတယ်။

Following a limited number of cases where Galaxy S8 and S8+ devices have rebooted unexpectedly with the Android 8.0 Oreo, we have temporarily stopped the rollout of the update. We are investigating the issue internally to ensure that the impact to the affected devices is minimized and the rollout of the update can resume as quickly as possible.
Source :www.sammobile.com

Galaxy S8 နဲ့ S8+ ဖုန်းပိုင်ရှင်တွေအနေနဲ့ မိမိရဲ့ဖုန်းကို Oreo update file ကို Download ဆွဲပြီး Install လုပ်လိုက်ပြီဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ဖုန်းဟာပုံမှန်အတိုင်းဖြစ်နေမှာပါ။ Oreo update မလုပ်ရသေးတဲ့ ဖုန်းပိုင်ရှင်တွေအနေနဲ့ကတော့ Samsung ရဲ့ပြဿနာပြင်ဆင်မှုပြီးစီးတဲ့အချိန်ထိစောင့်ရမှာဖြစ်ပါတယ်။

Samsung ဟာ Oreo update file ကို server မှာဖျက်လိုက်ပြီဖြစ်တာကြောင့် Download ဆွဲချင်ရင်တောင်မရှိတော့ကြောင်းကိုလည်းပြောပါရစေ။

 

Source (Samsung)

, ,

Leave a Reply

Your email address will not be published. Required fields are marked *