ကမ္ဘာ့အသေးဆုံး မိုလ်ဘိုင်းဖုန်း Zanco Tiny t1

ဒီတစ်ခေါက်မှာတော့ မေလမှာ ရောင်းချပေးတော့မယ့် ကမ္ဘာ့အသေးဆုံး မိုလ်ဘိုင်းဖုန်း Zanco Tiny t1 ရဲ့သတင်းလေးကို ပြောပြပေးပါ့မယ်။ Zanco Tiny t1 က အရွယ်အစားအရမ်းကို သေးငယ်ပေမယ့် တကယ့်ကို အသုံးဝင်ပြီး စကားပြောလို့လည်းရ၊ စာရိုက်လို့လည်းရတဲ့ မယုံနိုင်စရာ မိုလ်ဘိုင်းဖုန်းဖြစ်ပါတယ်။

Company ဘက် ကလည်း အခုလို ကမ္ဘာ့အသေးဆုံး ဖုန်းကို ထုတ်လုပ် နိုင်တဲ့အတွက် အရမ်းကိုဂုဏ်ယူနေပါတယ်။ Tiny t1 ကို အသေးစား ကိရိယာချစ်သူတွေ ကြိုက်နှစ်သက်ကြမှာဖြစ်ပြီး အိတ်အရွယ်အစား ဘယ်လောက်သေးသေး ထည့်ပြီး သယ်ဆောင်သွားနိုင်ပါတယ်။

iPhone တစ်ခုရဲ့ အရွယ်အစားထက်၄ဆ ပိုမိုသေးငယ်ပြီး အဆပေါင်းများစွာ ပိုမိုချစ်ဖို့ကောင်းတယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် သင့်ရဲ့ လက်မ အရွယ်အစားထက် ပိုမိုသေးငယ်ပြီး ဒင်္ဂါး ပြားတစ်ခုထက် ပိုပြီး ပေါ့တယ်လို့လဲ သိရပါတယ်။

Mobile network မျိုးစုံနဲ့ လည်ပတ်နိုင်ပြီး 2G network ထောက်ပံ့ပေးထားပါတယ်။ SIM card ကိုတော့ Nano-SIM သုံးပေးရမှာပါ။ ဘတ်ထရီ အချိန် ၃ရက်တိတိ ခံပြီး မိနစ်ပေါင်း ၁၈၀ အထိ စကားပြောနိုင်ပါတယ်။ Phone book memory ၃၀၀ ပါဝင်ပါတယ်။ SMS မက်ဆေ့ စာစောင် ၅၀ အထိ သိမ်းဆည်းလို့ရပါတယ်။ ၁၂.၅ မီလီမီတာရှိတဲ့ OLED မျက်နှာပြင်ပါရှိပါတယ်။ အရောင်ကတော့ အနက်တစ်မျိုးပဲ ထုတ်လုပ်ထားပါတယ်။အလေးချိန် ၁၃ဂရမ် ရှိပါတယ်။ အထူ ၁၂ မီလီမီတာ၊ အလျား ၂၁ မီလီမီတာနဲ့ အမြင့်ကတော့ ၄၆.၇ မီလီမီတာ ဖြစ်ပါတယ်။ သတိပြုရမယ့် တစ်ချက်ကတော့ Zanco Tny t1 က 2G network ကိုပဲထောက်ပံ့ပေးထားတဲ့အတွက် 2G network available မဖြစ်တဲ့ နိုင်ငံတွေမှာ သုံးလို့မရပါဘူး။ ဖုန်းပြောဖို့နဲ့ စာပို့ဖို့ပဲသုံးလို့ရလို့ အင်တာနက် သုံးလို့မရပါဘူး။ မြန်မာပြည်မှာတော့ သုံးလို့ရပါတယ်။ Standard ဈေးနှုန်းကတော့ ပေါင်၃၉ (မြန်မာငွေခန့်မှန်းခြေ – ၇၃၇၁၀ကျပ်) ခန့်တန်ဖိုးရှိပါတယ်။

Zanco Tiny t1 က kickstarter ရဲ့ ၂နှစ်ကြာ campaign တစ်ခုဖြစ်ပါတယ်။ Campaign အဆုံးသတ်ပြီး ၁၄ပတ်အကြာမှာ အသုံးပြုသူတွေရဲ့ လက်ထဲ ချပေးမှာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလ မှာ campaign အဆုံးသတ်ပြီး ၂၀၁၈ ခုနှစ်မေလလောက်မှာ ရောင်းချပေးမှာဖြစ်ပါတယ်။ Kickstarter campaign က Zanco နဲ့ Clubit ကုမ္ပဏီနှစ်ခု ပူပေါင်း ထားတဲ့ project တစ်ခုဖြစ်ပါတယ်။ နမူနာ video ကို အောက်မှာကြည့်နိုင်ပါတယ်။

 

 

Source : Kickstarer

, ,

Leave a Reply

Your email address will not be published. Required fields are marked *