Black Shark Helo နာမည်နဲ့ ထွက်လာမယ့် Xiaomi Black Shark 2

အခုနှစ်အစောပိုင်းမှာ Razer ဖုန်းနဲ့ အပြိုင် gaming ဖုန်းအမျိုးအစားတစ်ခုဖြစ်တဲ့ Black Shark ကို Xiaomi မှတရားဝင် ကြေညာခဲ့ပါတယ်။ အဆိုပါ ဖုန်းဟာ တရုတ်ပြည် တစ်ခုတည်းမှာပဲ စတင်ထွက်ရှိခဲ့ပြီး မကြာသးခင်မှာ globally ထွက်ရှိဖို့ကို ကုမ္ပဏီဘက်မှ စတင် စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်။

ထွက်ရှိလာတဲ့ အချက်အလတ်တွေအရ Xiaomi ရဲ့ ဒုတိယ gaming smartphone ကို Black Shark Helo လို့ နာမည်ပေးမယ်လို့ သိရပြီး Xiaomi ဘက်က ဘာကြောင့် Helo ကို ရွေးချယ်ရလဲဆိုတဲ့ အဓိပ္ပါယ်ကိုတော့ အခုချိန်ထိ မသိရသေးပါဘူး။ ဒါပေမယ့် အခုလို Black Shark2 ဆိုတဲ့ နာမည်ကို မရွေးချယ်ရတဲ့ အကြောင်းက နဂိုက ထွက်ရှိထားတဲ့ Black Shark နဲ့ အရမ်း ဆင်နေသလိုကြီး ဖြစ်နေမှာ ကြောင့်လို့ အက်မင်ကတော့ထင်ပါတယ်။

ပထမထွက်ရှိထားတဲ့ မော်ဒယ်အတိုင်း Black Shark Helo ဟာဆိုရင် Qualcommရဲ့ Snapdragon 845 တပ်ဆင်မယ်လို့ သိရပြီး RAM 8GB နဲ့ internal storage 128 GB နဲ့ ထွက်လာမှာလို့ သိရပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆လက်မ အထိကြီးမားတယ်လို့ သိရပြီး ဘတ်ထရီကို 4000mAh တပ်ဆင်မယ်လို့ သိရပါတယ်။

Android ဗားရှင်းအနေနဲ့ကတော့ Android 9pie အစား Android 8.1 Oreo ကိုသာ မျှော်လင့်သင့်တယ်လို့ ကြားပါတယ်။ အားလုံးကို ခြုံပြီးပြောရရင်တော့ Xiaomi Black shark Helo မှာ rear panel နဲ့ LED lightning အသစ်ကို ပြန်လည် ဒီဇိုင်းဖော်ထားပါတယ်။

Xiaomi Black Shark Helo ကို လာမယ့် အောက်တိုဘာလ ၂၃ရက်နေ့မှာ တရားဝင် ကြေညာတော့မယ်လို့ သိရပါတယ်။ စထွက်ထွက်ချင်းမှာတော့ တရုတ်ပြည်မှာပဲ အကန့်အသတ်နဲ့ အရင်ထွက်လာမှာပါ။ ဒါပေမယ့် နိုဝင်ဘာလ ရောက်ရင်တော့ တစ်ကမ္ဘာလုံးကို ဖြန့်ဝေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကဲ… ဘယ်လိုလဲ Xiaomi ချစ်သူ gamer လေးတို့ရေ…Black Shark Helo လေးကို သုံးကြည့်ဖို့ အဆင်သင့်ပဲလား???

Source – https://www.phonearena.com

,

Leave a Reply

Your email address will not be published. Required fields are marked *