ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာနိုင်ခြေရှိတဲ့ Xiaomi Mi 7

Xiaomi ရဲ့ ၂၀၁၈ Flagship handset ဖြစ်တဲ့ Mi 7 နဲ့ပတ်သက်ပြီးတော့ ကောလဟာလတွေကပြီးခဲ့တဲ့လ ကတည်းကထွက်ရှိနေတာဖြစ်ပါတယ်။ Display ပိုင်း၊ စျေးနှုန်းပိုင်း၊ ထွက်ရှိမယ့်အချိန်စသည်ဖြင့်သတင်းအစုံကိုထွက်ရှိနေတာပါ။ အခုလည်းကောလဟာလတစ်ခုဖြစ်တဲ့ Xiaomi Mi 7 မှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းဟာထပ်မံထွက်ရှိလာပြီပဲဖြစ်ပါတယ်။

Mi 7 မှာ Qi အဆင့်ရှိတဲ့ Wireless Technology ပါဝင်မှာဖြစ်ပြီး အားသွင်းရမယ့် Charge Pad ကတော့ ဖန်အမည်းရောင်ဖြစ်နေမယ်လို့ဆိုထားပါတယ်။  Charge Pad နဲ့ Mi 7 ကို 7.5W အထိအမြန်ဆုံးအားသွင်းနိုင်မှာ ဖြစ်တယ်လို့လဲဆိုထားပါတယ်။ မြင်သာအောင်ပြောရရင် Apple ရဲ့နောက်ဆုံး Flagship ဖြစ်တဲ့ iPhone X ရဲ့ 7.5W Qi Wireless Technology Wireless Charge Pad နဲ့ဆင်ဆင်ပါပဲ။

Mi 7 ရဲ့ အရွယ်အစားဟာ ၆ လက်မရှိနေမှာဖြစ်ပြီး ရှေ့/နောက် ကင်မရာနှစ်ခုလုံးဟာ 16MP ဖြစ်နေမယ်လို့ဆိုထားပါတယ်။ 18:9 မျက်နှာပြင်နဲ့အတူ Snapdragon 845 SoC နဲ့ပံ့ပိုးထားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ 6GB RAM (သို့) 8GB RAM version နှစ်မျိုးနဲ့ထွက်ရှိမယ်လို့လဲ သတင်းတွေထွက်ရှိထားပါသေးတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ Fingerprint system ပိုင်းပါ။ Fingerprint Scanner ကိုသာမာန် ဖုန်းတွေလိုအနောက်ဖက် (သို့) အရှေ့ခလုတ်အနေနဲ့မြင်တွေ့ရမှာမဟုတ်ပဲ ဖုန်း display ရဲ့ အောက်ဘက်မှာမြင်တွေ့ရမှာဖြစ်ပါတယ်။ မြင်သာအောက်ပြောရရင် Vivo X20 Plus UD (Under-display) စမတ်ဖုန်းလိုပါပဲ။ X20 Plus UD ရဲ့ Fingerprint scanner ခံနိုင်ရည်ကမိတ်ဆွေထင်ထားတာထက်ကိုပိုပါတယ်။ Mi 7 ရဲ့ Display အောက်မှာရှိနေတဲ့ Fingerprint scanner ကရော ခံနိုင်ရည်အားဘယ်လောက်အထိရှိလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Xiaomi ရဲ့ Mi 7 ကိုတော့ မေလကနေ ဇွန်လအတွင်းမှာမြင်တွေ့ရမှာဖြစ်တယ်လို့ တရုတ်ဝက်ဆိုဒ်တစ်ခုမှာမြင်ခဲ့ရပါတယ်။ စိတ်ဝင်စားစရာတွေကမကြာခင်ရောက်ရှိလာတော့မှာဖြစ်တာကြောင့် Stay tuned!

 

Source 1, 2 (In Chinese)

, ,

Leave a Reply

Your email address will not be published. Required fields are marked *