$475 နဲ့မကြာခင်ရောက်ရှိလာတော့မယ့် Xiaomi Mi 7!

Xiaomi ရဲ့ Mi 7 ဟာတော့မကြာခင် လအနည်းငယ်မှာပဲ $475 နဲ့ရောက်ရှိလာတော့မှာပါ။ ဒီအကြောင်းကိုတော့ တရုတ်ဝက်ဘ်ဆိုဒ်တစ်ခုမှာဖော်ပြထားတာဖြစ်ပါတယ်။ အရင်အရှေ့က model တစ်ခုဖြစ်တဲ့ Xiaomi Mi 6 တုန်းကတော့ စျေးနှုန်းဟာ $360 နဲ့ $435 အတွင်းမှာပဲရှိခဲ့တာပါ။ အဲ့တော့ Mi 6 နဲ့ Mi 7 တို့ရဲ့စျေးနှုန်းအပိုင်းဟာ အရမ်းကြီးကွာဟသွားမှုမရှိဘူးလို့ဆိုရမှာပါ။

The price is expected to be justified with Snapdragon 845 chipset, 8 GB RAM and 5.65” display with FullHD+ resolution. There is also a rumor about a Plus-version that will have a 6.01″ OLED panel.
Source :www.gsmarena.com

စျေးနှုန်းကွာဟမှုအရ Mi 7 မှာပြောင်းလဲသွားတာတွေကတော့ RAM, CPU အပိုင်းနဲ့ အရွယ်အစားအပိုင်းလောက်ပဲဖြစ်ပါတယ်။ Resolution အပိုင်းက HD+ လို့ဆိုထားပေမယ့် လက်တွေ့မှာတကယ်ယှဉ်ကြည့်မှကွာဟမှုကိုသိရှိနိုင်မှာပါ။ Mi 6 ထွက်ရှိတုန်းက RAM ဟာ 4 GB နဲ့ 6 GB နှစ်မျိုးဖြစ်ပြီး Mi 7 မှာတော့ RAM ဟာ 8 GB ဖြစ်သွားပါပြီ။ CPU ပိုင်းမှာလည်း Mi 6 မှာ Snapdragon 835 ဖြစ်နေပြီး Mi 7 မှာတော့ Snapdragon 845 ဖြစ်သွားမှာပါ။ အရွယ်အစားမှာ Mi 6 ဟာ ၅.၁၅ လက်မရှိနေပြီး Mi 7 ဟာတော့ ၅.၆၅ လက်မရှိနေမှာပါ။ Mi 7 plus version မှာတော့ ၆.၀၁ လက်မအထိဖြစ်သွားမှာပါ။ Plus version မှာ OLED display ကိုပါ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

Rumor image of Xiaomi Mi 7

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ Mi 6 နဲ့ Mi 7 တို့ရဲ့ကွာဟချက်အနည်းငယ်ပါ။ အရင်တစ်ပတ်ကတော့ Xiaomi Mi 7 ကို ၂၀၁၈ ဖေဖော်ဝါရီလမှာကျင်းပမယ့် MWC မှာထုတ်ဖော်ပြသသွားမယ်လို့တော့ကြားမိတယ်ဗျ။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ Mi 7 ကို MWC 2018 မမိတ်ဆက်နိုင်တော့ဘူးလို့ထပ်မံကြားရပြန်ပါတယ်။ သတင်းတွေကလည်းမျိုးစုံထွက်ရှိနေတာကြောင့် ဘယ်သတင်းဟာ မှန်ကန်မှုရှိလည်းဆိုတာကိုတော့ 2018 MWC ရောက်မှသိရှိရတော့မှာပါ။

,

Leave a Reply

Your email address will not be published. Required fields are marked *