ဇွန်လိုင်လမှာမိတ်ဆက်သွားဖို့ရှိနေတဲ့ Xiaomi Mi Max 3

Xiaomi အနေနဲ့ Mi Max 2 ကိုမိတ်ဆက်ပြီး တစ်နှစ်အကြာ လာမယ့်ဇွန်လိုင်လမှာတော့ Mi Max 3 ကိုစတင်မိတ်ဆက်တော့မှာပဲဖြစ်ပါတယ်။ ဇွန်လိုင်လမှာစတင်မိတ်ဆက်မယ့်အကြောင်းကိုတော့ Xiaomi ရဲ့ CEO ဖြစ်သူ Lel Jun ဟာ Weibo Network ကတဆင့်ကြေညာခဲ့တာဖြစ်ပါတယ်။ Mi Max 2 တုန်းက မေလမှာမိတ်ဆက်ခဲ့ပြီး သြဂုတ်လရောက်မှစတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ ဆိုတော့… Mi Max 2 အတိုင်းသာဆိုရင် လာမယ့် Mi Max 3 ကိုလည်း ဇူလိုင်လမှာစတင်ရောင်းချမှာဖြစ်တယ်လို့ မျှော်မှန်းထားနိုင်မှာပါ။ (သိပ်တော့မဖြစ်နိုင်ပေမယ့် ?)

Screenshot from Weibo

Lel Jun ကတော့ Mi Max 3 ကိုလာမယ့်ဇွန်လိုင်လမှာ မိတ်ဆက်သွားဖို့ရှိပေမယ့် အဆင့်သင့်တော့မဖြစ်သေးပါဘူး၊ ဒါပေမယ့် လက်ငင်းဖုန်းဝယ်ရမယ့် အနေအထားဖြစ်နေတယ်ဆိုရင် Mi Max 2 ကိုလည်းထည့်သွင်းစဉ်းစားပေးပါ လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

Mi Max 3 ဟာ mid-range စမတ်ဖုန်းအမျိုးအစားထဲကဖြစ်ပြီး အရွယ်အစား ၇ လက်မအထိရှိနေပါတယ်။ (တော်တော်လေးကြီးတဲ့အနေအထားတစ်ခုပါ။) FHD+ display ကိုအသုံးပြုထားပြီး ဖုန်းရဲ့အနောက်ဘက်မှာ Dual ကင်မရာပါဝင်ပါတယ်။ Snapdragon 636 processor ကိုအသုံးပြုထားပြီး 3GB RAM, 64GB internal storage နဲ့ရောက်ရှိလာမှာပါ။ (Storage ကတော့ version အမျိုးအမျိုးထွက်ရှိလာမှာပါ။) ဒါ့အပြင် Snapdragon 660 CPU အသုံးပြုထားတဲ့ version ကိုလည်းမိတ်ဆက်သွားဉီးမှာပါ။

အပေါ်မှာဖော်ပြထားခဲ့တဲ့ Mi Max 3 ရဲ့ Spec ကို Xiaomi ကတရားဝင်အတည်ပြုထားခြင်းမရှိသေးတာကြောင့် Rumor အဆင့်သာရှိသေးတယ်လို့ပဲဆိုရမှာပါ။

Xiaomi ဖုန်းလဲချင်တဲ့ မိတ်ဆွေတွေရော ဘာလုပ်ကြမှာလဲ…. Mi Max 3 ကိုအချိန် ၂ လလောက်ထိုင်စောင့်မလား ? (သို့) Lel Jun ပြောသလို Mi Max 2 ကိုပဲပြေးဝယ်လိုက်တော့မှာလား ??

 

Source Via

,

Leave a Reply

Your email address will not be published. Required fields are marked *