Pacific Rim နဲ့ crossover ပုံစံမျိုးထွက်ရှိလာတဲ့ Xiaomi Mi Mix 2s ရဲ့ Teaser ဗီဒီယို

Xiaomi အနေနဲ့ Mi Mix 2s ကိုတော့ လာမယ့်မတ်လ ၂၇ ရက်နေ့မှာမိတ်ဆက်သွားမှာပါ။ Mi Mix 2s အတွက် Teaser video ဟာတော့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကပဲ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Pacific Rim ကိုတရုတ် Version လိုလိုနဲ့ ကြည့်လို့အဆင်ပြေလှတဲ့ Teaser video လေးတစ်ခုပါ။

Teaser အရ Xiaomi ဟာ သူ့ရဲ့ Mi ဖုန်းတွေရဲ့ ဒီဇိုင်းပိုင်းသေသပ်ပုံကိုပေါ်လွင်အောင်ဖော်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကျွမ်းကျင်ပြီး အမြော်အမြင်ကြီးတဲ့ ဒီဇိုင်းရေးဆွဲသူကိုသာ အလုပ်ခန့်တာဖြစ်တယ်လို့ ဗီဒီယိုရဲ့နောက်ဆုံးနား အင်တာဗျူးမှာဖော်ပြထားတာကြောင့်ပါ။ (အယ်လယ် 😆) Xiaomi Mi Mix 2s ကိုတော့ ဗီဒီယိုပြီးခါနီးနောက်ဆုံးနားလောက် ရောက်မှ ဖော်ပြထားပါတယ်။ (အမည်းရောင် အသွင်အပြင်လေးနဲ့)

Source

, ,

Leave a Reply

Your email address will not be published. Required fields are marked *