Xiaomi Mi Mix 2S ကို မတ်လ ၂၇ ရက်နေ့မှာတရားဝင်မိတ်ဆက်သွားမည်

Xiaomi Mi Mix 2S ကို ဖေဖော်ဝါရီလမှာကျင်းပမယ့် MWC 2018 မတိုင်ခင်ချပြနိုင်လိမ့်မယ်လို့မျှော်မှန်းထားခဲ့ပေမယ့် ထင်ထားသလိုတော့မဖြစ်လာခဲ့ပါဘူး။ Xiaomi အနေနဲ့အခုလာမယ့် မတ်လ၂၇ ရက်နေ့မှာတော့ ကျွန်တော်တို့မျှော်မှန်းထားခဲ့တဲ့ Mi Mix 2S ကို တရားဝင်မိတ်ဆက်တော့မှာပဲဖြစ်ပါတယ်။ မိတ်ဆက်သွားမယ့်နေရာကတော့ တရုတ်နိုင်ငံရဲ့ မြို့ကြီးဖြစ်တဲ့ ရှန်ဟိုင်းမြို့တော်မှာပါ။

Xiaomi ဟာလက်ရှိမှာတော့ဖုန်းရဲ့ ပုံရိပ်တွေကိုတစ်ပုံမှချပြထားခြင်းမရှိသေးဘဲ Teaser ပုံရိပ်တစ်ခုကိုသာ ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ Specification ပိုင်းအချို့ကတော့ပြီးခဲ့တဲ့လ လောက်ကတည်းကထွက်ရှိနေခဲ့တာပါ။

ဖုန်းရဲ့အရွယ်အစားဟာ ၅.၉၉ လက်မ ရှိနေပြီး Screen resolution ကတော့ 1080 x 2160 pixels ရှိမှာပါ။ Qualcomm ရဲ့ Snapdragon 845 chipset ပံ့ပိုးထားပြီး OS ပိုင်းကတော့ Android 8.0 Oreo version နဲ့ရောက်ရှိလာမယ်လို့ဆိုထားပါတယ်။ ဖုန်းရဲ့ RAM ဟာ 8GB ဖြစ်ပြီး Storage ကတော့ 256GB အထိရှိနေမှာပါ။

ဖုန်းရဲ့အသွင်အပြင်ပုံရိပ်ကတရားဝင်ထွက်ရှိလာခြင်းမရှိသေးတာကြောင့် ကင်မရာအပိုင်းကိုသေချာမပြောနိုင်ပေမယ့် သတင်းတော်တော်များများမှာတော့ Mi Mix 2S ရဲ့ကင်မရာဟာ iPhone X နဲ့ခက်ဆင်ဆင်ဖြစ်မယ်လို့ဆိုထားကြပါတယ်။ အခုသတင်းတွေမှန်/မမှန် နဲ့ ထပ်မံထွက်ရှိလာမယ့်သတင်းအသစ်တွေကို စိတ်ဝင်စားတယ်ဆိုရင် Asiaapps ကိုစောင့်ကြည့်နေဖို့တော့လိုပါလိမ့်မယ် ?)

မတ်လ ၂၇ ရက်နေ့မှာ Xiaomi ရဲ့ Mi Mix 2S တစ်မျိုးအတွက်သာမကပဲ Hauwei ရဲ့ P20, P20 Pro တို့အတွက်ပါရင်ခုန်နေရဉီးမှာဖြစ်ပါတယ်။

 

Source (In China)

, ,

Leave a Reply

Your email address will not be published. Required fields are marked *