ကိုယ်ပိုင် Browser အသစ်တစ်ခုဖန်တီးထုတ်လုပ်လိုက်ပြီဖြစ်တဲ့ Xiaomi 

တရုတ်ကြီး Xiaomi ကတော့ပြီးခဲ့တဲ့ရက်အနည်းအငယ်ကပဲ Mint Browser အမည်ရှိတဲ့ lightweight browser တစ်ခုကိုဖန်တီးလိုက်ပြီဖြစ်ပါတယ်။ Lightweight browser ဖြစ်တဲ့အတွက် App storage ကတခြားပုံမှန် Browser တွေလောက်နေရာမယူသလို ပိုပြီးတော့လည်းမြန်ဆန်နေမှာပါ။ ဖုန်းဆိုဒ်က 10MB ကျော်ကျော်လောက်ပဲရှိတဲ့အထိကို သေးငယ်နေအောင်ဖန်တီးထားတာဖြစ်ပါတယ်။

Mint Browser ဟာ storage နည်းနည်းနဲ့ မြန်ဆန်မှုရှိနေအောင်ဉီးတည်ဖန်တီးထားတာဖြစ်နေတာကြောင့် Feature တွေကတော့ ရှယ်ကြီးဖြစ်နေမှာမဟုတ်ပါဘူး။ ရှယ်မဟုတ်ဘူးဆိုပေမယ့် သူကပုံမှန်တခြား Browser တွေအလုပ်လုပ်တဲ့ပုံစံအတိုင်း အလုပ်လုပ်မှာဖြစ်သလို တခြား Browser တော်တော်များများမှာပါဝင်တဲ့ Incognito mode, Reading mode, Night mode နဲ့ Mobile data saving option mode အစရှိတဲ့ Feature လေးတွေတော့ပါဝင်နေမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Voice search လိုမျိုး feature ကိုလည်းတွေ့မြင်ရဉီးမှာပါ။ Ad blocker လိုမျိုး Feature မျိုးကတော့ Mint Browser မှာတွေ့မြင်ရမှာဖြစ်ပါတယ်။

Browser ကနေ ပုံကို download ဆွဲတဲ့အခါ size အပိုင်းမှာအနည်းငယ်လွဲချော်နေတာ၊ အောက်ဆုံးက Menu bar နဲ့အပေါ်ဆုံးက Address bar ကနေရာယူမှုများတာကြောင့် Full Screen ဖြစ်မနေတာ၊ ဒေါင်လိုက်အသုံးပြုနေချိန် Incognito mode ကြီးကပျောက်နေတာ အစရှိတာတွေကတော့ Mint browser ရဲ့အားနည်းချက်လေးတွေပါ။ Lightweight browser ဖြစ်တဲ့အညီ ဒီအချက်လေးတွေကတော့ လက်ခံပေးလို့ရနိုင်လို့ဆိုရမှာပါ။ ဒါပေမယ့် နောက် Version တွေမှာ fix လုပ်ပေးရင်တော့ ပိုအဆင်ပြေမယ် မြင်မိပါတယ်။ အားသာချက်ကတော့ File size အရမ်းနည်းပြီး တခြား Browser ထက်မြန်ဆန်တဲ့အတွေ့အကြုံမျိုးပေးနိုင်တာဖြစ်ပါတယ်။

လက်ရှိမှာ ဒီ Browser app ဟာ Playstore ပေါ်ကိုတော့ ရောက်ရှိနေပါပြီ။ Xiaomi ကဖန်တီးထားတယ်ဆိုပေမယ့် တခြား Android version 4.4 နဲ့ အထက်ရှိတဲ့ ဖုန်းတိုင်းအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အောက်ပါလင့်ခ်ကနေ Download ဆွဲနိုင်ပါတယ် ခင်ဗျာ။

Download link – Android

,

Leave a Reply

Your email address will not be published. Required fields are marked *