Under-display fingerprint sensor ပါဝင်လာမယ့် Xiaomi ရဲ့ နောက်ထွက်မယ့် flagship ဖုန်း

Xiaomi ရဲ့နောက်လာမယ့် flagship Mi8 အကြောင်းနဲ့ ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်ရှိခဲ့ပေမယ့် အခြား ဖုန်းသတင်းတွေလိုပဲထင်မိတာကြောင့် သိပ်ပြီးရင်မခုန်ခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးမီက အသစ်ထွက်လာခဲ့တဲ့ YouTube က Teaser video တစ်ခုကြောင့် Mi8 ကို စိတ်ဝင်စားသူတွေ များလာခဲ့ပါတယ်။ Mi8 ရဲ့ video teaser မှာ ပါဝင်လာတာ ဘာလေးများဖြစ်မလဲ…???

Teaser video ထဲမှာတွေ့ရတဲ့ Mi8 ရဲ့ စိတ်ဝင်စားစရာလေးကတော့ မိုလ်ဘိုင်းဖုန်းတွေရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ finger print sensor အကြောင်းပဲဖြစ်ပါတယ်။ Finger print sensor ဆိုရင် တော်တော်များများ မျက်လုံးထဲမြင်မိလိုက်တာက Home button ဒါမှမဟုတ်ရင် ဖုန်းရဲ့ နောက်ကျောဘက် တစ်နေရာရာမှာရှိမယ်လို့ပဲ မြင်မှာပါ။ ဒါပေမယ့် Xiaomi Mi8 ရဲ့ video ထဲမှာတော့ finger print sensor ကို ဖုန်း screen ပေါ်မှာ ထည့်ထားတာကို တွေ့ရပါတယ်။ ပုံမှန်မြင်ဖူးနေကျပုံစံနဲ့ မဟုတ်ဘဲ screen ပေါ်မှာတွေ့ရတာဆိုတော့ ကြည့်ရတာ အမြင်ဆန်းစရာလေးပါ။

Mi8 ကပြီးခဲ့တဲ့ နှစ်က ထွက်ခဲ့တဲ့ Mi6 ရဲ့ နောက်ဆက်တွဲ မျိုးဆက်တစ်ခုဖြစ်ပါတယ်။ Mi6 ရဲ့ နောက်ဆက်ကို Mi7 ဖြစ်မလာဘဲ Mi8 ကျော်ပြီး ထုတ်လုပ်လိုက်တဲ့ အကြောင်းအရင်းကိုတော့ သေသေချာချာမသိရသေးပါဘူး။ ဒါပေယ့် Xiaomi က Flagship အသစ် မထွက်ခင် Mi ထုတ်ကုန်တွေကို နှုန်းယှဉ်စမ်းသပ်လေ့ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာကြောင့်သူ့မှာလည်း သေချာတဲ့ အကြောင်းအရင်းတစ်ခုရှိမှာပါ။

Flagship အသစ်အတွက် 3D facial recognition, Snapdragon 845 chipset, 8GB RAM storage 64GB နဲ့ wireless charging သုံးလို့ရတဲ့ 4000mAh ဘတ်ထရီ စတဲ့ feature တွေကို ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ Display fingerprint နည်းပညာကို Vivo X20 နဲ့ Huawei Porsche Design Mate RS တို့ မှာ စတင်တွေ့ရှိခဲ့ပြီး အခု တစ်ခေါက်မှာတော့ Xiaomi Mi8 ဆီကို ကူးစက် ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။

Xiaomi ရဲ့ နောက်ထပ်ထွက်လာမယ့် flagship အသစ် Mi 8 ဟာမကြာခင်အချိန်မှာ ထွက်ရှိလာမယ်လို့သိရပြီး Xioami ရဲ့ အကောင်းဆုံးဖုန်းတွေထဲကတစ်ခု ဖြစ်နိုင်ဖို့အတွက် မျှော်မှန်းထားကြပါတယ်။

 

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *