တရားဝင်မိတ်ဆက်ခဲ့ပြီဖြစ်တဲ့ Xiaomi Mi Mix 2s!

Xiaomi ဟာသူ့နောက်ဆုံး Flagship တစ်ခုဖြစ်တဲ့ Mi Mix 2s ကိုတော့ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကပဲ ရှန်ဟိုင်းမှာတရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ မိတ်ဆက်သွားပုံ အစ/ အဆုံး Live ကိုတော့ အောက်ပါ ဗီဒီယိုကနေကြည့်ရှု့နိုင်ပါတယ်။

Mi Mix 2s ရဲ့အရွယ်အစားဟာ ၅.၉၉ လက်မရှိနေပြီး 18:9 FullHD display ပါဝင်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ကို Gorilla Glass 4 နဲ့ကာကွယ်ထားပါတယ်။ Mi Mix 2s ရဲ့ ပြင်ပအနေအထား ဒီဇိုင်းအပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာလကထွက်ရှိခဲ့တဲ့ Mi Mix 2 နဲ့ကွာဟမှုမရှိသလောက်ပါပဲ။

အဲ့ဒါဆိုဘာမှမပြောင်းလဲသွားဘူးပေါ့ ?

မဟုတ်ပါဘူး… Processor အပိုင်း၊ Wireless Charging ပါဝင်လာမှု၊ Dual ကင်မရာဖြစ်လာမှု အစရှိတဲ့ ၃ မျိုးကတော့ သိသိသာသာပြောင်းလဲသွားပါတယ်။

Mi Mix 2s ရဲ့Processor ပိုင်းဟာ Qualcomm ရဲ့ Snapdragon 845 chipset အသုံးပြုထားပါတယ်။ (Mi Mix 2 မှာတော့ Snapdragon 835 chipset သာအသုံးပြုထားခဲ့ပါတယ်) Processor ပိုင်းအမြင့်ဆုံး အသုံးပြုထားသလို GPU ကိုလည်း နောက်ဆုံးမိတ်ဆက်ထားတဲ့ Andreno 630 အသုံးပြုပေးထားတာကိုတွေ့ရမှာပါ။ Mi Mix 2 တုန်းက မပါခဲ့တဲ့ Wireless Charging System ကိုလည်း Mi Mix 2s မှာထည့်သွင်းမိတ်ဆက်ထားပါတယ်။ (Wireless Charging System ကိုအသုံးပြုနိုင်သလို Wired Charging System နဲ့လည်းအားသွင်းနိုင်ပါတယ်။) Wireless Charging System ပါဝင်လာပေမယ့် ဘက်ထရီသက်တမ်းကတော့ Mi Mix 2 တုန်းကလိုပဲ 3400mAh ဖြစ်ပါတယ်။

ကင်မရာပိုင်းကတော့ single camera ကနေ dual camera အထိကိုပြောင်းလဲသွားတာပါ။ အနောက်ဘက် Dual ကင်မရာဟာ 12MP ရှိနေပြီး Dual pixel auto-focus ပါ ပါဝင်လာတာကြောင့် ရိုက်တဲ့အခါ တည်နေရာ Focus ယူရတာပိုမိုလွယ်ကူသွားမှာဖြစ်သလို အလင်းရောင်နည်းနေတဲ့မြင်ကွင်းတွေမှာပါ ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မယ်လို့ မျှော်လင့်ထားလို့ရပါတယ်။

Finger print system ဟာ Dual ကင်မရာအောက်မှာတည်ရှိနေပြီး Headphone Jack မပါဝင်ပါဘူး။ (ဒီနှစ်ခုလုံးက Mi Mix 2 နဲ့အတူတူပဲဖြစ်တာကြောင့် သိပ်ပြီးတော့မထူးဆန်းလှပါဘူး။)

Mi Mix 2s ကို 6GB RAM (သို့) 8GB RAM, Storage ပိုင်းကို 64GB, 128GB, 256GB သုံးမျိုးတည်းက မိမိအသုံးပြုမှုအပေါ်မှုတည်ပြီးဝယ်ယူနိုင်ပါတယ်။ ရှန်ဟိုင်းမှာမိတ်ဆက်တုန်းက စျေးနှုန်းကိုတော့ ¥3299 (ယွမ်) ဖြစ်မယ်လို့ဖော်ပြထားပါတယ်။ (မြန်မာငွေနဲ့ဆို ၇ သိန်းကျော်ကျော်လောက်ရှိပါတယ်)၊ ¥3299 ကတော့ RAM နဲ့ Storage အပိုင်းကိုလိုက်ပြီးအပြောင်းအလဲရှိနေမှာပါ။ Mi Mix 2s ကိုတော့ တရုတ်ပြည်မှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ပေမယ့် ကျန်တဲ့နေရာဒေသတွေကိုတော့ ဧပြီလထဲမှာရောက်ရှိလာမှာဖြစ်ပါတယ်။ (ကံမကောင်းစွာနဲ့ U.S ကိုတော့တင်ပို့မှာမဟုတ်ပါဘူး)… အမည်းရောင်နဲ့ အဖြူရောင်စတဲ့ Color option နှစ်မျိုးနဲ့ဝယ်ယူနိုင်မှာပါ။

 

Source Via

,

Leave a Reply

Your email address will not be published. Required fields are marked *