4GB RAM နဲ့ထွက်ရှိနေပြီဖြစ်တဲ့ Xiaomi Redmi 5!

Xiaomi အနေနဲ့ Redmi 5 ကို 4 GB RAM နဲ့ model အသစ်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ Redmi 5 ဟာပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလကမှထွက်ရှိထားတဲ့ Smartphone ပါ။ စတင်ထွက်ရှိလာတာကတော့ RAM 3 GB, Storage 32 GB နဲ့ RAM 2 GB, Storage 16 GB တို့နဲ့ထွက်ရှိလာတာပါ။ OS ကတော့ Android 7.1.2 (Nougat) ဖြစ်ပါတယ်။ Redmi 5 ကိုတော့ တရုတ် online store ကနေတဆင့်ဝယ်ယူနိုင်ပါတယ်။ နေရာဒေသတွေအကုန်လုံးမှာ မရရှိနိုင်သေးပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာရောင်းချနေတာကတော့ ဒီဇင်ဘာ ကတည်းကပါ။

RAM 4 GB model ရဲ့စျေးကတော့အရင်က model တွေထက် $30 ကျော်လောက်များနေမှာပါ။ RAM 3 GB (သို့) 2 GB နဲ့ run ရတာအဆင်မပြေဘူးဆိုရင်တော့ 4 GB ကတော့သင့်အတွက်ပါပဲ။ 1 GB အပိုကို $30 ကျော်ထပ်ပေးရမယ်လိုဆိုလိုလိုက်တာပဲဖြစ်ပါတယ်။

You can have the Redmi 5 with 4GB of RAM in black, gold, or blue. Every spec aside from the memory capacity is identical to the other models, so you still get the same 5.7″ 1,440×720 18:9 touchscreen, Snapdragon 450 SoC, 12 MP main camera, 5 MP selfie snapper, and 3,300 mAh battery, along with MIUI 9.1 plastered atop Android 7.1.2 Nougat
Source :www.gsmarena.com

Redmi 5 ရဲ့ RAM 4 GB model ကတော့ ရွှေရောင်၊ အမည်းရောင် နဲ့ အပြာရောင် ဆိုပြီးအရောင် သုံးရောင်ထွက်ရှိမှာပါ။ 4 GB model မှာတော့ RAM ကလွဲလို့တခြားထူးထူးခြားခြား မြှင့်တင်ထားတာမရှိဘူး။ CPU, Resolution, OS, Size, ဘက်ထရီသိုလှောင်မှု, ကင်မရာအပိုင်း အစရှိတာတွေက အရင် Redmi 5 model တွေနဲ့အကုန်အတူတူပါပဲ။

Redmi 5 model အသစ်ရဲ့သတင်းဟာမှန်ကန်နေရင်တော့ model အသစ်က စျေးနဲ့ RAM မှတပါး ထူးထူးခြားခြားကြီးမဟုတ်ဘူးလို့ပဲဆိုရမှာပါ။

1 extra GB = 30$ :’D

, ,

Leave a Reply

Your email address will not be published. Required fields are marked *