လာမယ့်နိုဝင်ဘာ၂၂ မှာ Redmi Note 6 Pro ကိုအိန္ဒိယမှာဖြန့်ချီမိတ်ဆက်သွားမယ်ဆိုတဲ့ Xiaomi

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာတော့ သူ့ရဲ့နောက်ဆုံးပေါ် Mid-range စမတ်ဖုန်းအမျိုးအစား Redmi Note 6 ကိုပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ထိုင်းမှာစတင်ကြေညာခဲ့တာဖြစ်ပြီး အခုလာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ မိတ်ဆက်ဖြန့်ချီတော့မှာဖြစ်တယ်လို့သိရပါတယ်။

Specifications

Xiaomi Redmi Note 6 Pro ကတော့ ၆.၂၆ လက်မအရွယ်အစားရှိပြီး Note 5 Pro ထက်အနည်းငယ်ပိုကြီးပါတယ်။ Note 6 Pro မှာ Notch ပါဝင်လာတဲ့အတွက် display အပိုင်းမှာ Note 5 Pro နဲ့ကွာခြားသွားပြီး notch ကြောင့်ပဲ display က 19:9 aspect ratio အထိဖြစ်သွားပါတယ်။ Snapdragon 636 chip ကိုအသုံးပြုထားပြီး ကင်မရာက ရှေ့နှစ်လုံး၊ နောက်လုံး dual ပုံစံမျိုးနဲ့ ၄ လုံးအထိတွေ့ရမှာဖြစ်ပါတယ်။ ရှေ့ dual ကင်မရာက AI face unlock အပါအဝင် AI နည်းပညာကိုအခြေခံထားတဲ့ Feature တွေပါဝင်မှာဖြစ်ပြီး 20MP + 2MP ရှိပါတယ်။ အနောက် dual ကင်မရာကတော့ 12MP + 5MP ပါ။ Redmi Note 6 ကတော့ Xiaomi ရဲ့ပထမဉီးဆုံး ကင်မရာ ၄ လုံးစမတ်ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။

4,000mAh ဘက်ထရီပါဝင်ပြီး 3GB RAM, 32GB storage နဲ့ 4GB RAM, 64GB storage ဆိုပြီး storage version ၂ မျိုးဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အိန္ဒိယမှာ လာမယ့် ၂၂ ရက်နေ့မှ မိတ်ဆက်ဖြန့်ချီမှာဆိုပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ Redmi Note 6 Pro ကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက Storage version နှစ်မျိုးလုံးနဲ့ အမည်း၊ အပြာ၊ ပန်းရောင် (ဘိုလိုဆိုရင်တော့ Rose Gold) အစရှိတဲ့ color option အားလုံးကိုဝယ်ယူလို့ရနေခဲ့တာဖြစ်ပါတယ်။ Mid-range စမတ်ဖုန်းဖြစ်တဲ့အညီ စျေးနှုန်းပိုင်းကတော့ ၂ သိန်းကျော်ပတ်လည်မှာပဲရှိနေမှာပါ။

၂၂ ရက်နေ့ အိန္ဒိယမှာ မိတ်ဆက်မယ့် event မှာ ထွေထွေထူးထူးကြည့်စရာတော့မရှိပေမယ့် Redmi Note 5 တုန်းကလို 6GB RAM version ကိုများ ထုတ်လုပ်ဖို့ရှိလားကိုတော့ တစ်ချက် ကြည့်ရမှာဖြစ်ပါတယ်။

Via

,

Leave a Reply

Your email address will not be published. Required fields are marked *