Redmi brand အတွက် Logo ကိုချပြပေးလိုက်တဲ့ Xiaomi

ကုမ္ပဏီရဲ့ strategy အသစ်လို့ပဲဆိုရမလား…. Xiaomi ဟာသူ့ရဲ့ sub-brand ဖြစ်တဲ့ Redmi အတွက် Logo ကိုပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က official ချပြခဲ့ပြီဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Lei Jun က တရုတ်ဝက်ဆိုဒ် weibo ကနေ ဒီအကြောင်းကိုပြောကြားခဲ့တာဖြစ်ပြီး Logo အသစ်ကလည်းတော်တော်လေးရိုးရှင်းလှပါတယ်။ “Redmi by Xiaomi” ဆိုတဲ့စာသားနဲ့ logo ကိုရိုးရိုးရှင်းရှင်းဖန်တီးထားတာဖြစ်ပါတယ်။ ဒါ့အပြင် Redmi ဟာ စျေးအသင့်သင့်ရှိတဲ့ brand တစ်ခုဖြစ်ပြီး ကြောက်စရာပြိုင်ဘက်မရှိတဲ့ brand တစ်ခုဖြစ်တယ်လို့ Lei Jun က weibo မှာပြောကြားထားကြောင်းလည်းသိရပါတယ်။

Redmi brand logo ကတော့ Redmi Note 7 မိတ်မဆက်မီတစ်ရက်အလို အချိန်မှာချပြခြင်းခံခဲ့ရတာဖြစ်ပြီး Redmi Note 7 ရဲ့နောက်မျက်နှာပြင်မှာ logo အသစ်ကလေးက ပါဝင်နေမှာပဲဖြစ်ပါတယ်။

Redmi Note 7 ကိုတော့ ရှေ့/ နောက် မျက်နှာပြင်နှစ်ချက်ကို 2.5D ဖန်သားအသုံးပြုထားပြီး Magic gradient design နဲ့ဖန်တီးထားပါတယ်။ ဖုန်းအရွယ်အစားက ၆.၃ လက်မရှိနေပြီး FHD LCD water drop screen ကိုအသုံးပြုထားမယ်လို့သိရပါတယ်။ ဖုန်းရဲ့အနောက်ဘက်မှာ fingerprint sensor ကိုမြင်တွေ့ရမှာဖြစ်ပြီး 48MP + 12MP ရှိတဲ့ dual rear ကင်မရာကိုပါမြင်တွေ့ရမှာပါ။ 3,900 mAh ဘက်ထရီပါဝင်ပြီး ဖုန်းရဲ့ OS ကတော့ Android Pie ဖြစ်နေမယ်လို့သိရပါတယ်။ Brand logo ပထမဉီးဆုံးပါဝင်လာမယ့် Redmi note 7 ကိုတော့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာစတင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။

Source Via 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *