Piano,Guitar,Bass တီးနည်းတွေကို သင်ကြားပေးနိုင်တဲ့ Yousician

ဂီတဆိုတာ ကလေးရော လူကြီးရော ချစ်ကြတဲ့ အနုပညာရပ်တစ်ခုပါ။ ကမ္ဘာပေါ်မှာ မတူကွဲပြားတဲ့ ဂီတတူရိယာတွေ အများကြီးရှိပြီး တူရိယာတစ်ခုစီတိုင်းအတွက် ကျွမ်းကျင်ပညာရှင်တွေလည်းရှိကြပါတယ်။

Yousician app က ဂီတကို ဝါသနာပါတဲ့သူတွေ အထူးသဖြင့် Piano, Guitar, Bass တီးနည်းကိုလေ့လာချင်တဲ့သူတွေအတွက် ပြုလုပ်ထားတာဖြစ်ပါတယ်။ တူရိယာတွေနဲ့ တွဲပြီးတီးနိုင်ဖို့ မြူးကြွတဲ့ အမိုက်စားသီချင်းတွေလည်း ထည့်သွင်းပေးထားပါတယ်။

Yousician ကို အခြေခံကနေ ကျွမ်းကျင်အဆင့်ထိ တတ်မြောက်အောင် သင်ကြားပေးနိုင်တဲ့ ဂီတဆရာ ပုံစံ ဖန်တီးထားတာဖြစ်ပါတယ်။ ဆရာတစ်ယောက်လို app ထဲမှာ တီးထားတဲ့ တူရိယာတွေရဲ့ သံစဉ်ကို နားထောင်ပေးနိုင်ပြီး တိကျတဲ့ feedback တွေလည်း ပြန်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်နေရာမှာ အချိန်တိုင်းနေရာတိုင်း သင်ကြားလို့ရပြီး အဆင့်တစ်ဆင့်စီတိုင်းအတွက် နည်းပြပေးမယ့် video tutorial တွေလည်း ပါဝင်ပါတယ်။ Beginners တွေအတွက်ရော advanced players တွေအတွက်ရောအသုံးပြုလို့ရအောင် ပြုလုပ်ထားတာကြောင့် လေ့ကျင့်ချင်သူတွေအတွက်ရော လေ့လာချင်သူတွေအတွက်ရော အဆင်ပြေပါတယ်။

Yousician ကို အသုံးပြုသင့်တဲ့သူတွေကတော့ –

• ဂစ်တာတီးသူများ၊ ပီယာနိုတီးသူများ၊ Bass (သို့) Ukulele တီးသူများ
• အခုမှစတင်လေ့လာသူများ
• ကျွမ်းကျင်ပညာရှင်များ
• ဂီတပညာရှင်များ ဖြစ်ပါတယ်။

 

Yousician မှာပါဝင်တဲ့ လုပ်ဆောင်ချက် –

• တီးထားတဲ့ ဂစ်တာ၊ ပီယာနို၊ bass (သို့) Ukulele အသံများကို နားထောင်ပေးခြင်း
• တိကျတဲ့ feedback များပြန်ပေးခြင်း
• Level အလိုက် ကိုက်ညီတဲ့ သီချင်းများ နှင့် tutorial များ
• စိတ်ဝင်စားဖို့ကောင်းတဲ့ အခြားအရာများ ပါဝင်ပါတယ်။

တစ်ဦးတစ်ယောက်တည်း လေ့လာချင်သူတွေအတွက် သာမက ဂီတဆရာများအတွက်ပါ အသုံးပြုနိုင်လို့ ဂီတကို ဝါသနာပါတဲ့သူတွေ သဘောကျနှစ်သက်ကြမှာပါ။ နမူနာ video ကို အောက်မှာကြည့်နိုင်ပါတယ်။

အကန့်အသတ်မဲ့ Premium feature ကိုလည်းအောက်ပါအတိုင်းဝယ်ယူနိုင်ပါတယ်။

တူရိယာတစ်ခုတည်းအတွက် – တစ်နှစ်စာ ၁၆၁၉၈၆ ကျပ်၊ တစ်လစာ ၂၆၉၈၆ ကျပ်၊ တစ်ပတ်စာ ၆၇၃၆ ကျပ်

တူရိယာအားလုံးအတွက် (ပီယာနို၊ဂစ်တာ၊ Bass (သို့) Ukulele) – တစ်နှစ်စာ ၂၄၂၉၈၆ ကျပ်၊ တစ်လစာ ၄၀၄၈၆ ကျပ်၊ တစ်ပတ်စာ – ၁၀၁၁၁ ကျပ် ပေးရမှာဖြစ်ပါတယ်။

မှတ်ချက် – ဈေးနှုန်းများသည် USD ကို MMK အဖြစ်ပြောင်းလဲထားသည့်အတွက် ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။

 

Download link – Android/IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *