Install လုပ်သူဉီးရေ ၅ ဘီလီယံကျော်အထိရှိနေပြီဖြစ်တဲ့ YouTube

ကျွန်တော်တို့ အားလုံးသိကြတဲ့ Streaming video app “YouTube” ဟာတော့ Download ဆွဲပြီး Install လုပ်သူဉီးရေ ၅ ဘီလီယံကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ ၅ ဘီလီယံကျော်အရေအတွက်ဟာ ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးလူဉီးရေနဲ့ ညီမျှနေတဲ့အတိုင်းအတာတစ်ခုပါ။ Install လုပ်သူဉီးရေ ၅ ဘီလီယံကျော် ရလဒ်ကို ပြီးခဲ့တဲ့နှစ်တုန်းက Google ရဲ့ service app တစ်ခုဖြစ်တဲ့ Google Play Store app က ပထမဉီးဆုံး ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် YouTube ကဒုတိယမြောက် app အနေနဲ့ ဒီရလဒ်ကို ပိုင်ဆိုင်သွားတာဖြစ်ပါတယ်။

Screenshot from Playstore

Playstore မှာ Install လုပ်သူဉီးရေ ၅ ဘီလီယံကျော် ရလဒ်ပိုင်ဆိုင်ခဲ့တာဟာ pre-installed app အနေနဲ့ Android ဖုန်းတွေမှာပါဝင်ခဲ့တာကြောင့်လည်းပါ ပါတယ်။ Pre-installed app ဆိုတာကတော့ ဖုန်းဝယ်ဝယ်ချင်း ပါဝင်လာတဲ့ app ကိုဆိုလိုတာပါ။ သမိုင်းနောက်ပြန်လှန်ရမယ်ဆိုရင် YouTube app ကို pre-installed Video Player app အနေနဲ့ ပါဝင်ဖို့ ပထမဉီးဆုံးကမ်းလှမ်းခဲ့တာ Apple ပါ။ ၂၀၁၂ တုန်းကစတင်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် Google ဟာသူ့ရဲ့ YouTube app ကို iOS နဲ့ မပူးပေါင်းဖြစ်လိုက်ပဲ အခု iOS user တွေ လက်ရှိ YouTube app ကို Download ဆွဲသုံးစွဲနေရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ Google ရဲ့ Playstore app, YouTube app တို့က ၅ ဘီလီယံကျော် Install လုပ်သူဉီးရေနဲ့ အောင်မြင်မှုရရှိနေပြီး တခြား google service app တွေဖြစ်တဲ့ Gboard, E-mail, Google Search, Google Photo အစရှိတာတွေကလည်း Downdoad ဆွဲသူဉီးရေ ၁ ဘီလီယံကျော်ဆီရှိနေပြီး အောင်မြင်လျက်ရှိနေတာပဲဖြစ်ပါတယ်။

Source, Via

, , , ,

Leave a Reply

Your email address will not be published. Required fields are marked *