Download ဆွဲသူဉီးရေ 10 million ကျော်အထိရောက်ရှိထားတဲ့ YouTube Go!

YouTube Go app ကပြီးခဲ့တဲ့ရက်အနည်းငယ်မှာပဲ Download ဆွဲသူဉီးရေ 10 million အထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ YouTube Go ဟာ YouTube ရဲ့ data-friendly version တစ်ခုပါ။ နည်းနည်းအနောက်ပြန်လှန်ရမယ်ဆိုရင် YouTube Go ဟာ ၂၀၁၆ စက်တင်ဘာလက India မှာစတင် ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ သြဂုတ်လမှာတော့ Indonesia မှာထပ်မံဖြန့်ချီခဲ့ပါတယ်။ အဲ့ဒီအချိန်တွေတုန်းက YouTube Go ဖြန့်ချီမှုဟာ Beta အဆင့်သာရှိသေးတာဖြစ်ပါတယ်။ Beta ဆိုတာကတော့ Official မဟုတ်တဲ့အဆင့်ကို ဆိုလိုတာပါ။

ဒါပေမယ့်ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးအပတ်မှာတော့ Beta အဆင့်ကနေ Public အဆင့်ကိုပြောင်းလဲဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ပြောရရင် Official အဆင့်ဖြစ်သွားပြီပေါ့ဗျာ။ ပြီးတော့ အခု ဒီဇင်ဘာလ မှာ Download ဆွဲသူဉီးရေ 10 Million အထိရောက်ရှိသွားတာပဲဖြစ်ပါတယ်။ အဲ့ဒီရလဒ်တွေကို ကြည့်ရင် YouTube Go app ရဲ့ Milestone တွေတစ်ခုပြီးတစ်ခု ပြီးမြောက်လာပုံကို တွေ့ရမှာပါ။ YouTube Go ရဲ့ နောက် Milestone တစ်ခုကတော့ Download ဆွဲသူဉီးရေ 50 Million အထိရောက်ရှိဖို့ပဲဖြစ်ပါတယ်။ အဲ့တာကိုတော့ စိတ်ဝင်စားစွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

YouTube Go app ကိုတော့ Live Stream တွေကြည့်တဲ့အခါမှာ၊ Video တွေကို quality ကောင်းကောင်းနဲ့ Download ဆွဲချင်တဲ့အခါ တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Resolution တွေအနေနဲ့ကတော့ 144p, 360p နဲ့ 480p ဆိုပြီး ၃ မျိုးပါဝင်ပါတယ်။ မိမိ Download လုပ်ထားတဲ့ Video တွေကို Bluetooth (သို့) Wifi ကိုအသုံးပြုပြီး တခြား Device တစ်ခုခုကို ရှယ်နိုင်ဉီးမှာပါ။

Android Platform တစ်မျိုးတည်းမှာသာ Free Download ရယူနိုင်မှာဖြစ်ပါတယ်။ YouTube Go app ကနေရာတိုင်းမှာ တော့ Download မဆွဲနိုင်သေးဘူးဗျ။ အခုလက်ရှိမှာတော့ India, Indonesia အပါအဝင်နိုင်ငံအချို့မှာသာ Download ရယူနိုင်ဉီးမှာဖြစ်ပါတယ်။

 

 

Source : gsmarena

Leave a Reply

Your email address will not be published. Required fields are marked *