သတင်းအတုတွေကို တိုက်ထုတ်ဖို့ အမေရိကန်ဒေါ်လာ ၂၅ သန်း အသုံးပြုလိုက်တဲ့ YouTube

လူတော်တော်များများကအင်တာနက်မှာတင်တဲ့ post တွေကိုသိပ်ပြီးမယုံကြည်ကြပါဘူး။ ဒါပေမယ့် YouTube ကတော့ ချွင်းချက် တစ်ခုအဖြစ်တည်ရှိနေပါတယ်။ သူ့ကိုယုံကြည်တဲ့သူတွေ အများအပြားရှိနေကြပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း YouTube မှာလည်း မမှန်ကန်တဲ့ သတင်းဗီဒီယိုအချို့ တက်လာတာကိုတွေ့ရပါတယ်။ အဲ့တာကြောင့် Google ရဲ့ YouTube က အမေရိကန် ဒေါ်လာ ၂၅ သန်းကိုတရားဝင် သတင်းအဖွဲ့အစည်းတွေကိုထောက်ပံ့တဲ့ နေရာမှာအသုံးပြုမယ်လို့ တနင်္လာနေ့ကတရားဝင်ကြေညာခဲ့ပါတယ်။

YouTube က မနှစ်သက်ဖွယ် သတင်းအတုဗီဒီယိုကိစ္စတွေနဲ့ ပတ်သတ်ပြီး လူအများရဲ့ တုံ့ပြန်မှု၊ ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် နေရတာ တစ်နှစ်ကျော်လောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ၁၈ နှစ်အောက် ကလေးတွေအတွက် မသင့်လျော်တဲ့ ဗီဒီယိုတွေနဲ့ သတင်းအမှား ဗီဒီယို ပေါင်း ၁ သိန်း ၅ သောင်းကို site ပေါ်ကနေ ဖြုတ်ချခဲ့ပါတယ်။ ဒါ့အပြင် သေနတ် ၊ အမြောက် လုပ်နည်းတွေ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း YouTube ban မှ မတ်လတုန်းက ban ခဲ့တယ်လို့ကြားပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကလည်း YouTube မှ စံထားထားတဲ့ ကြောငြာလျို့ဝှက်သီအိုရီတွေ ပေါက်ကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာလည်း Florida လူစုလူဝေးပစ်ခက်မှုထဲကနေ လွတ်မြောက်ခဲ့တဲ့ Parkland အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်က YouTube trending ထဲမှာနံပါတ်တစ် ဖြစ်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာပဲ အဲ့ဒီ ဗီဒီယိုကို Policy ညှိစွန်းမှုနဲ့ ပြန်လည်ဖြုတ်ချခဲ့ပါတယ်။

အဆိုပါ ဖြစ်ပျက်မှုတွေကြောင့် Google နဲ့ YouTube က အသုံးပြုသူတွေထံကို သတင်းအမှားတွေ ဖြစ်လာမှ တုံ့ပြန်တာထက် မဖြစ်ခင်ထဲက ကြိုတင်တားဆီးတုံ့ပြန်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်လာတာဖြစ်ပါတယ်။ အဲ့တာကြောင့် အခုလို ခိုင်လုံတဲ့ သတင်းတွေအတွက် ဒေါ်လာပေါင်း များစွာ အကုန်အကျ ခံခဲ့တာပါ။ အခုကိစ္စနဲ့ပတ်သတ်ပြီး YouTube ကတရားဝင်ထုတ်ပြန် ချက်ထဲမှာရေးထားတာကို အောက်မှာဖော်ပြပေးထားပါတယ်။

“ခုလိုလုပ်ရင် လုပ်စရာတွေ အများရှိမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် YouTube ထဲကို နေ့တိုင်းဝင်ကြည့်တဲ့ YouTuber လေးတွေကို နဲ့ မှန်ကန်တဲ့ ဇာစ်မြစ်မျိုးစုံကနေ ကမ္ဘာကြီးပေါ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ လေ့လာ ရင်း ပိုကောင်းတဲ့ အတွေ့အကြုံတွေ ပေးစွမ်း နိုင်ဖို့ ကို ကျွန်တော်တို့ လိုလားပါတယ်။”

ကုမ္ပဏီဘက်က YouTube အသုံးပြုသူတွေ သတင်းတွေ ရှာဖွေရတာ ပိုမို လွယ်ကူစေဖို့ရည်ရွယ်ပြီး သတင်းအဖွဲ့အစည်းတွေက ဗီဒီယိုတွေကို “Top News” နဲ့ “Breaking News” ဆိုပြီး ဖော်ပြပေးမယ့် feature ကိုလည်း ပြုလုပ်ပေးမယ်လို့သိရပါတယ်။ အဆိုပါ highlight feature တွေကို US, UK, France, Nigeria နဲ့ Italy အပါအဝင်နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ထည့်သွင်းပေးထားပြီးပါပြီ။ အခြားနိုင်ငံတွေဆီမှာလည်း မကြာခင်မှာ ရရှိတော့မယ်လို့ ကုမ္ပဏီဘက်မှပြောကြားထားပါတယ်။ အခုလက်ရှိမှာတော့ YouTube television app မှာ ပြည်တွင်းသတင်းတွေကို စတင်ကြေညာပေးနေပြီလို့သိရပါတယ်။ တနင်္လာနေ့ကစတင်ပြီး အသုံးပြုသူတွေ အာလုံး အချို့ ဗီဒီယိုတွေရဲ့ ဘေးနာမှာ Third Party Website တွေဖြစ်တဲ့ Wikipedia နဲ့ Encyclopedia Britannica တို့က အချက်အလက်တွေကို စတင်မြင်တွေ့ရတော့မှာပါ။

ဒါ့အပြင် YouTube, the Google News Initiative, Google org တို့နဲ့ Poynter Institutive ,Stanford University , Local Media Association, National Association for တို့ ပူးပေါင်းပြီး ကလေးတွေကို Digital literacy နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လမ်းညွှန်ပေးနိုင်ဖို့ MediaWise ကိုထောက်ပံပေးတော့ မယ်လို့သိရပါတယ်။

အဲ့လိုတွေကြိုးစားစီစစ်လုပ်ဆောင်နေမှုကြောင့် YouTube ဟာနောက်ဆိုရင် ကောင်းမွန်သန့်ရှင်းတဲ့ Platform တစ်ခုဖြစ်လာမှာဖြစ်သလို ခိုင်မာတဲ့အရင်းအမြစ်ရှိတဲ့ ဗီဒီယိုတွေကိုပဲ တွေ့မြင်နိုင်မယ့် Platform တစ်ခုအဖြစ်မျှော်လင့်ထားနိုင်ပါပြီ။

 

Via 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *