Autoplay option ကိုအသုံးပြုသူတွေပိုမိုထိန်းချုပ်နိုင်အောင်စမ်းသပ်နေပြီဖြစ်တဲ့ YouTube! 

YouTube app ကနေကြိုက်နှစ်သက်ရာ ဗီဒီယိုကိုကြည့်ပြီးတဲ့အခါ နောက်ထပ်ဗီဒီယိုတစ်ခုကိုအလိုအလျှောက်ဖွင့်ပေးမယ့် Autoplay option ကိုတော်တော်များများအသုံးပြုကြမှာပါ။ Autoplay option ဟာ YouTube server ဘက်ကထိန်းချုပ်ထားတာဖြစ်ပြီး အရင်ဗီဒီယိုနဲ့သက်ဆိုင်တဲ့ ဗီဒီယိုကို အလိုအလျှောက်ဖွင့်ပေးပါတယ်။ User ကြိုက်/ မကြိုက် ကိုအဖတ်လုပ်တာမျိုးမရှိပဲ သူတို့ Logic အရပဲသွားနေတာကြောင့် လူတော်တော်မျာများကြိုက်နှစ်သက်တဲ့ Option တစ်ခုတော့မဟုတ်နေပါဘူး။

Now Autoplay

အခုဆိုရင်တော့ YouTube ဟာသူ့ရဲ့ Autoplay option မှာ အသုံးပြုသူတွေဘက်က ထိန်းချုပ်နိုင်အောင် Function လေးတွေထည့်ပေးသွားဖို့စမ်းသပ်နေပြီလို့သိရပါတယ်။ Autoplay ရဲ့အပေါ်နားလေးမှာ “All”, “Related”, “For You” ဆိုပြီး အသုံးပြုသူရွေးချယ်နိုင်မယ့် button လေးတွေထည့်သွင်းပေးထားမှာပဲဖြစ်ပါတယ်။ All ကတော့ အရင်ကလိုပဲ ကိုယ်ကြည့်ပြီးတာ ပြီးရင် ကြိုက်တာဆက်လာမယ်၊ Related ကတော့ လက်ရှိကြည့်နေတဲ့ ခေါင်းစဉ်နဲ့သက်ဆိုင်တာတွေပဲဆက်လာမယ်၊ For You ကတော့ နောက်လာမယ့် ဗီဒီယိုကို ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ထားနိုင်မှာဖြစ်ပါတယ်။ အခုလို Autoplay အပိုင်းကို YouTube server-side ထက် ကျွန်တော်တို့ user-side ကိုပိုမိုထိန်းချုပ်ခွင့်ပေးလာမှာကြောင့် ဒီ option ဟာအရင်ကထက်ပိုမို အသက်ဝင်လာမှာတော့အသေအချာပါပဲ။

Future Autoplay

လက်ရှိမှာတော့ ဒီ function အသစ်လေးတွေဟာ စမ်းသပ်နေဆဲဖြစ်ပြီး သတင်းကတော့ အိန္ဒိယဘက်ကပေါက်ကြားလာတာပဲဖြစ်ပါတယ်။ ကြားထဲမှာ ထူးခြားမှုရှိလာရင်လည်းဖော်ပြပေးသွားဖို့အစီအစဉ်ရှိနေတာမို့ ဆက်လက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ။

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *