UK မှာမကြာခင်ထွက်ရှိတော့မှာဖြစ်တဲ့ OnePlus 6 ရဲ့ Avengers: Infinity War limited-edition

Superhero fan တွေရဲ့အကြီးကျယ်ဆုံးဇာတ်ကားကြီးဖြစ်တဲ့ Avengers: Infinity War မှာလက်ရှိ Major brand အဖြစ်ပါဝင်အားဖြည့်ထားတာကတော့ Coca-Cola, Quicken Loans, Ziploc နဲ့ တရုတ်စမတ်ကုမ္ပဏီ OnePlus တို့ပဲဖြစ်ပါတယ်။ OnePlus ဟာ ဇာတ်ကားရဲ့ Marketing Campaign မှာ Major Brand တစ်ခုအဖြစ်ပါဝင်နေသည့်အလျောက် Campaign အတွက် Edition အသစ်ဖန်တီးမယ်လို့ သတင်းတွေထွက်ရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီ Edition အသစ်တစ်ခုကတော့ OnePlus 6 ရဲ့ Avengers: Infinity War Limited-edition ပါ။ Normal Edition OnePlus ကတော့ မေလ ဆန်းလောက်မှာထွက်ရှိမှာဖြစ်ပါတယ်။ ရက်အတိအကျကတော့ မေလ ၅ ရက်နေ့ပါ။ အဲ့တော့ Avengers: Infinity War Limited-edition သာတကယ်ထွက်ရှိလာမယ်ဆိုရင် မေလ အကုန်နားလောက်မှာမြင်တွေ့နိုင်ဖို့မျှော်မှန်းထားလို့ရပါတယ်။

OnePlus 6 Infinity War limited-edition ကတော့ RAM 8GB, 256GB storage ပါဝင်ပြီး Qualcomm ရဲ့ Snapdragon 845 processor အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ OnePlus 6 normal edition လိုပဲဖုန်းမျက်နှာပြင်အပေါ်ဘက်က Notch လေးနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖုန်းအတွက်အရောင်ကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ ဒီ edition အသစ် သတင်းကိုကြည့်ရင် The Last Jedi ထွက်ရှိတုန်းက OnePlus  ပြုလုပ်ပေးခဲ့တဲ့ 5T Star Wars limited edition ကိုအမှတ်ရသွားမှာပါ။

Avengers: Infinity War limited-edition သာတကယ်ထွက်ရှိခဲ့မယ်ဆိုရင် 5T Star Wars limited edition တုန်းကလိုမျိုး အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်သွားနိုင်ခြေကပိုများပါတယ်။ UK မှာအရင်ဉီးဆုံးရောက်ရှိမှာဖြစ်လို့ ဝယ်ယူချင်သူများအနေနဲ့ UK ကဘော်ဒါတွေကို အပြီကပ်နိုင်ဖို့တော့လိုပါလိမ့်မယ်။

 

Via 1, 2

, , ,

Leave a Reply

Your email address will not be published. Required fields are marked *